Thursday, January 19, 2006

မေ

မေ


နေတစ်စင်းထဲမို့သာ
ငါ့မှာတော့...
ရက်စက်စွာလောင်ကျွမ်းခံခဲ့ရပေါ့။
ခြောက်သွေ့ကွဲအက်
ပတ်ကြားအက်တွေက
စိတ္တဇဆန်ဆန်လှပလို့ ...။
အားရပါးရအော်ဟစ်
ငိုကြွေးပစ်လိုက်တော့မယ်
ကြားလား ...........
နာကျင်မှုရဲ့တော်လဲသံ
မခံမရပ်နိုင်တဲ့ အုံ့ဆိုင်းဆိုင်းမျက်နှာပြင်
မကြာခင်
မျက်ရည်တွေကျလာတော့မယ်။ ။


မနော်ဟရီ
၁၅.၀၂.၁၉၉၆
Manor Hary

0 Comments:

Post a Comment

<< Home