မင်္ဂလာပါ
မင်္ဂလာပါ
မြန်မာ မော်ဒန် ကဗျာတွေကို ချစ်တဲ့ သူငယ်ချင်းတွေအတွက် ဒီ ဘလော်ခ့်လေးကို လုပ်ဖြစ်ပါတယ်။ ကျွန်တော် နှစ်သက်တဲ့ နာမည်ကြီး ကဗျာဆရာများစွာနဲ့ ကျွန်တော့်သူငယ်ချင်း တချို့ရဲ့ ကဗျာ၊ ကျွန်တော့် ကဗျာတချို့ကို စုစည်း တင်ပြထားပါတယ်။ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ စီးပွားရေးနဲ့ ဆိုင်တဲ့ ကူးယူ ဖြန့်ချီ မှုမျိုး လုပ်မယ်ဆိုရင်တော့ ဒီကဗျာ ဆရာတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ လိုပါမယ်။ ကျွန်တော် နိုင်ငံခြားမှာ နေခဲ့စဉ်က ကဗျာစာအုပ် ရှားပါးတာကြောင့် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတာကို သတိတရ အနေနဲ့ ကဗျာချစ်သူ အားလုံးအတွက် အလွယ်တကူ အင်တာနက်ကနေ ဖတ်ရှုနိုင်အောင်ရည်ရွယ်ပါတယ်။ ဝေဖန် အကြံပေးတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် စာရေးသူတွေဆီက ခွင့်ပြုချက် မယူနိုင်တာကို နားလည် စေချင်ပါတယ်။
ညီလင်းဆက်

9 Comments:
Comment Testing!!!
thanks for ur effort.
ကဗျာကောင်းလေးတွေကိုအခုလိုစုစည်းတင်
ပြပေးတဲ့အတွေက်ကျေးဇူးပါ။
အငွေ့
www.Angwei.blogspot.com
ကဗျာကောင်းလေးတွေတင်ပေးလို့ ကျေးဇူးတင်တယ်
ကဗျာချစ်သူ
မသက်ဇင်
ကျေးဇူးတင်ပါတယ်ဗျာ။ဒီလိုပြောရတာအကြောင်းရှိပါတယ်။
သေဆုံးသွားတဲ့ဆရာတာရာမင်းဝေကိုအလွမ်းပြေဖြစ်ရပါတယ်။
ကျွန်တော်.သူငယ်ချင်းကဗျာရူးက modern modern နဲ.တမော်ဒန်တည်းမော်ဒန်နေတာပါ။အစ်ကိုကိုသိပ်ကျေးဇူးတင်ပါတယ်
နောာ်လဲဒီ.ထက်များများစုဆောင်းပြီးဖော်ပြပေးစေချင်ပါတယ်။အများကြီးကျေးဇူးတင်ကြအုန်းမှာပါ။
thanks a lot ko nyi min sat for ur great pomes.....really appreciate ur effort......:)...
wishing u all the best,
Mrcoldvirus
ကဗျာတွေက သိပ်ကောင်းတယ်ဗျာ အနော်လဲကဗျာ
ဝါသနာအိုး ဗျာ .. အခုလိုဆိုဒ်မျိုးကိုလိုက်ရှာနေတာ
ကြာပြီဗျ... နောက်ဆို .. ဒီဆိုဒ်မှာဘဲအနော်ရှိနေ
လိမ့်မယ် ....
www.bainnowSAYAR.co.cc
မမျှော်လင့်ပဲ ဒီblog ထဲရောက်သွားရာကနေ ကဗျာတွေကိုဖတ်မိတယ်..ဖတ်ရင်းဖတ်ရင်း ကဗျာ အားလုံးကုန်သွားရော.. ကျေးဇူးပဲဗျို့..
Post a Comment
<< Home