Saturday, January 14, 2006

ပုပ္ပါး

ပုပ္ပါး


ပတတ်ရပ်တဲ့မြင်း
ပါးပြင်းထောင်တဲ့မြွေ
လူတွေသူ့ကိုယ်ပေါ်တက်
သူကသူ့ကိုယ်သူတက်ခဲ့ရာ
မပျော်လို့ ပျော်တဲ့နှင်းတွေထဲ
အမြင့်တက်ပွင့်သူအဖို့
တိုက်ခတ်သမျှလေဟာ အဆာပြေပေါ့
အနီးကပ်
အဝေးကြည့်
အနိမ့်အမြင့် အ၀င်အထွက် ကြမ်းရှရှကို
အနုအလှဖြစ်အောင် ဖော်ကျူးလို့
တစ်ကိုယ်လုံး ရွှဲနစ်သွားစေရာ
သူ့ဥပဓိနဲ့
အချစ်တွေကို ဆွဲဆောင်ခဲ့လေသလား။


ဝိုင်ချို

Search Keyword : Wine Cho

0 Comments:

Post a Comment

<< Home