Thursday, January 19, 2006

အတိတ်

အတိတ်


ဆောင်းစက်လက်ခိုနေတဲ့နန်းတော်
မကျော်ကြားခဲ့တဲ့သူရဲကောင်းများ
ချောက်ကမ်းပါးခြားနေတဲ့ ညနေရီတွေ
ခုတော့... ကြေကွဲမှုတွေက... ပိုးစိုးပက်စက်။
မိုးဦးပေါက်ရင်...
ကျိန်စာဖတ်မုန်တိုင်းတချို့ ရောက်လာလိမ့်မယ်...
လွယ်လွယ်နဲ့ ကြွေတတ်တဲ့ စံပယ်တွေထဲမှာ သူ မပါဘူးတဲ့
အရုဏ်ဦးကို ဖွဲ့ဆိုရင်း ညဥ့်နက်ခဲ့ရတဲ့အကြောင်း
ထောင်းထောင်းထအောင်ပြောလို့... ။
သွားစို့
နှစ်ချို့ရာဇ၀င်တွေကို မတူးဖော်မိစေနဲ့
စတုတ္ထမြောက်နေ့ရက်တွေကို မုန်းတယ်
သောကြာရထားစီးလာတဲ့ (၁၃) နာရီ
မိန်ရာသီရဲ့နောက်ဆုံးနေ့တစ်နေ့
ခရီးစဉ်မေ့နေတဲ့လက်မှတ်နှစ်စောင်
တောင်စဉ်တွေအထပ်ထပ်ခြားသွားခဲ့ကြပြီ။
ခြေလှမ်း(၉၀)အလွန် ရက်စွဲများ
နှင်းစက်ပိုးမျှင်တွေကြားက၊ ကချေသည်
ကျွန်မ ရှိုက်ရယ်နေမိလေသလားမသိ ။


မနော်ဟရီ

စတိုင်သစ် ၊ ဂျူလိုင်၊ ၂၀၀၂။

0 Comments:

Post a Comment

Links to this post:

Create a Link

<< Home