Thursday, January 19, 2006

ဒဏ္ဍာရီ (၁၃)

ဒဏ္ဍာရီ (၁၃)


မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။

ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့...
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း.... အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။

နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ .... ဖြေသိမ့်တတ်ပါတယ်။


မနော်ဟရီ
ဟန်သစ်၊ အမှတ်စဉ် ၊ ချယ်ရီ ၂၀၀၀
Manor Hary

0 Comments:

Post a Comment

<< Home