Thursday, January 19, 2006

ကျဆုံးခြင်း

ကျဆုံးခြင်း



အသံများ
အားပျော့ပျက်စီးသွားခဲ့သည့်တိုင်
ပဲ့တင်ထပ်ကျန်နေနိုင်ရန်
တောင်နံရံနှစ်ခုကြားရောက်နေခဲ့တဲ့
ငါ့ရဲ့အပြစ်သာပ ... ။
သဘာဝ တဲ့
ဘေးကျပ်နံကျပ်ဘ၀ထဲရောက်နေတော့မှများ...
အားနာပါးနာ ...........
မကြာခဏသံယောင်လိုက်ရပါများတော့
တောင်နှုတ်ခမ်းပါးတွေကိုတောင် အားနာလာတယ်။
ပဲ့တင်သံများ
ကုန်ဆုံးပျက်သုဉ်းသွားခဲ့သည့်တိုင်
မနေနိုင်မထိုင်နိုင်ဦးနှောက်ကြီးက
သိုမှီးထားခဲ့တဲ့
နားရည်ဝအသံများ
ပန်းချီပြပွဲများလို... ။

အလို....
ဘုရားသခင်ငဲ့
ကောင်းချီးနှစ်ခုပဲပေးခဲ့ပါ... ။
နှလုံးသားနဲ့
အဆက်ဖြတ်ထားတဲ့ မျက်ဝန်းတစ်စုံ
ရင်မခုန်သာရုံလေး...
ဦးနှောက်ကြီးနဲ့
ပွဲကြီးပွဲကောင်းဖြစ်ထားတဲ့ နားတစ်စုံ
မထုံတတ်သေးဖြစ်ရုံလေး... ။

မနော်ဟရီ

ဟန်သစ်၊ ဂျူလိုင်၊ ၁၉၉၇။
Manor Hary

0 Comments:

Post a Comment

<< Home