Thursday, January 19, 2006

အိပ်စက်ခြင်းခရီးရှည်၏အစ

အိပ်စက်ခြင်းခရီးရှည်၏အစ



အာရုံတွေကေ၀၀ါးလို့
မျှော်လင့်ခြင်းတွေကအေးစက်
ခပ်သွက်သွက်သွားနေတဲ့နေ့ရက်များ
တားဆီးရပ်တန့်ထားချင်သလိုလို
မြန်မြန်ပဲကုန်ဆုံးစေချင်သလိုလို... နဲ့
ဘ၀တစ်ခုရဲ့အဆုံး
ဘယ်လိုနိဂုံးချုပ်ခဲ့ရမလဲ.... ။
ချစ်ခင်ခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်
သည်မြေပြင်ထက်ကျန်ရစ်
မေ့ပစ်လိုက်ကြမှာလည်း စိုးသလို
မေ့လို့မရကြမှာလည်း စိုးသလို... နဲ့
ရထားတစ်စင်းရဲ့ခရီးလမ်းဆုံးမြို့
တိတ်ဆိတ်လို့၊ ငြိမ်သက်လို့၊ အေးစက်လို့
အိပ်မက်တချို့ထဲကလို... ။
ကျွန်မသွားတော့မယ်
နှုတ်ဆက်ခဲ့တာလား
နှုတ်ဆက်လိုက်ရတာလား
နှုတ်ဆက်ချင်လို့များလား....
ဟင့်အင်း... တစ်ခုမှမဟုတ်ဘူး...
ကံတရားရေ...
စည်းဝိုင်းထဲမှာသာဆို...
ခင်ဗျားကို... အလဲထိုးခဲ့တယ်... ။
ကမ္ဘာမှာ
ဘယ်သူမှပုံဖော်လို့မရသေးတဲ့
ထာဝရရှင်သန်ခြင်း
ကျွန်မချဉ်ခြင်းဖြစ်မိသလား... (သံသယ)
ဒါပေမယ့်... ခုတော့...
အရောင်ပြယ်စပြုနေတဲ့
မပြီးသေးတဲ့ပန်းချီကား
ကျွန်မ လက်စသပ်သွားရဦးမယ် ... ။
ရင့်မှိုင်းမှိုင်းဆေးရောင်တွေရဲ့အဆုံး
ရော့ရဲသွားတဲ့စုတ်ချက်
ငြိမ်သက်သွားတဲ့မှတ်တိုင်
အရွယ်မတိုင်ခင်ကြွေလွင့်
ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီ
အိုင်ထွန်းစီးဆင်းလာတဲ့ မျက်ရည်စက်
လမ်းတစ်ဝက်မှာပဲရပ်တံ့
ပျံ့လွင့်လာတဲ့ရှိုက်သံများ
ကျွန်မ၀ိညာဉ်အားနှိပ်စက်
အေးစက်တုန်ရီ
မပီပြင်တဲ့ခရီးဆုံးမြို့တံခါး
တအားဆွဲပိတ်...
ကျွန်မ... မျက်စိမှိတ်လိုက်ရပြီလေ။ ။


မနော်ဟရီ
Manor Hary

0 Comments:

Post a Comment

<< Home