Thursday, January 19, 2006

ပွဲကြည့်ပရိသတ်

ပွဲကြည့်ပရိသတ်



အဲဒီ... အနာတရကောင်းကင်ပြင်နဲ့
ဟောဒီ... တစ်လမ်းသွားဟိုင်းဝေးလမ်းမကြီးရဲ့
ဆက်စပ်မှုခပ်မွဲမွဲမှာ...
ငါဟာ... ကျောခင်းခံပေးထားတဲ့
တံတားအိုတစ်စင်းပေါ့ ... ။
အခြေမခိုင်တဲ့တိကျမှုတွေနဲ့ဖွဲ့စည်း
အခန့်မသင့်ထူးခတ်ခံလိုက်ရမှုမှာ...
ငါဟာ... တံတားတစ်စင်းဖြစ်ခဲ့တာကွဲ့...
ချစ်သူရယ်...
မင်းရဲ့ခြေလှမ်းဖွဖွလေးတွေနဲ့
ဖြတ်သန်းလျှောက်နင်းသွားလိုက်စမ်းပါ ... ။
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း...
ပျော်ရွှင်ရယ်မောသံတွေကြားခဲ့ရ
ငါ့မှာတော့ လိုက်လံတုပလို့ ကောင်းတုန်းပါပဲ...
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
ခြေသံပြင်းပြင်းနဲ့ နင်းလျှောက်သွားခဲ့ကြ
ငါ့မှာတော့... ခန္တီစတွေများများလာခဲ့
ငါ့ရင်ဝပေါ်ဖြတ်သန်းသွားရင်း
သံစဉ်တေးချင်းတွေဖြစ်တည်သွားကြ
ငါ့မှာတော့ မျက်ရည်စတွေစွတ်စိုလာခဲ့
ငါ့ရင်ဝပေါ် ဖြတ်သန်းသွားရင်း
........... ............ ...........
ကြည့်ကောင်းကောင်းနဲ့မဟုတ်ဘူး
မဖြစ်မနေမျက်ဝန်းတွေရဲ့တည်ရှိရာ
ငါ့ရင်ဝဟာဖရိုဖရဲနဲ့
ကောင်းကင်နဲ့လမ်းမအကြား...
ငါ... ဘာလို့များ...
တဖြည်းဖြည်းမှုန်ဝါးမသွားရတာတဲ့လဲ ... ။
ရင်ဝမှာ...
သံချွန်တွေစိုက်ခင်းဆက်စပ်ထားတာတောင်
နှောင်ကြိုးတွေက တည်းတည်းလေးပဲကျန်တော့တယ်...
ယိုင်နဲ့ပြိုလဲလုလုနဲ့...
သက္ကရာဇ်များစွာ ...
.....................
ပြင်ဆင်ခွင့်ကလည်း မရှိ
ရင်ကလည်းမချိတော့
ဘယ်အချိန်ကားလိပ်ချမလဲဘဲ...
ရင်တမမနဲ့ကြည့်နေရတော့တယ်။

မနော်ဟရီ
(၁၉၉၅)
Manor Hary

1 Comments:

Blogger yeardleighmaccini said...

Casino Night - Dr. MD Casino Night
Enjoy a free night of fun at the 충주 출장안마 Casino Night at Dr. 논산 출장샵 MD 충주 출장안마 Casino 청주 출장안마 Night in Hollywood. Enjoy live table games and video poker at the 경상북도 출장안마 Live Poker

5:02 PM  

Post a Comment

<< Home