Thursday, January 19, 2006

ကျောင်းဆင်းချိန်

ကျောင်းဆင်းချိန်


ဖြားယောင်းသွေးဆောင်သွားခြင်းမျိုး မဟုတ်ပါဘဲ...
ငါတို့လိုက်ပါသွားကြရမှာ...
အဲဒါ... ရာဇ၀င်သစ်ရေးသားကြဖို့သက်သက် မဟုတ်ကြဘူး
ထူးခတ်ထားတဲ့ဝတ္တရားသက်သက်ကြောင့်လည်း မဟုတ်ကြဘူး
ရူးသွပ်မသွားခြင်းရဲ့သက်သေလည်း မဟုတ်ပြန်ဘူး
ကမ္ဘာဦးတည်းက ဖြစ်တည်လာခဲ့တာ...
ဘယ်မှာလာ... လွန်ဆန်ဝံ့လို့လဲ
ယုံတယ်လေ...
ကျုပ်တို့တွေဟာ...
မဟာသူရဲကောင်းတွေမဟုတ်ခဲ့ကြတောင်မှ
နောက်ဆုတ်လှည့်ပြန်ခဲ့ကြမှာ မဟုတ်ဘူးဆိုတာ
ဒါပေမယ့်...
အနာဂတ်ကိုဖွဖွဆုပ်ကိုင်...
ပိုင်ဆိုင်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့တင်
ကျုပ်တို့ ရာဇ၀င်တွေစွန်းပေရစ်ခဲ့တော့မယ်
အပြီးသတ်ဆေးခြယ်လိုက်ကြပါကွဲ့...
မကြာခင်တိုက်ပွဲစတော့မှာလေ...
သူရဲကောင်းတို့ရေ...
ကျုပ်တို့တွေရဲ့နှလုံးသားများ
ဘာတွေနဲ့များ... ထုဆစ်ပုံသွင်းထားခဲ့ကြမလဲ... ။


မနော်ဟရီ
၁၉၉၅
Manor Hary

0 Comments:

Post a Comment

Links to this post:

Create a Link

<< Home