Thursday, January 19, 2006

သူယောင်နေ့များ

သူယောင်နေ့များ


ဘာအာမခံချက်တွေမှပေးမထားတဲ့
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား... ပါလာလေမလားလို့... ။
မျှော်လင့်ချက်အသစ်စက်စက်တွေနဲ့
စိစိညက်ညက်ကြေနေတဲ့ရင်ခွင်
ဘ၀င်များတောင်မြင့်နေသေး
မရောက်လာသေးတဲ့မနက်ဖြန်ဟာ...
မဟာအခွင့်အရေးသစ်တွေကိုပဲ
ချစ်မြတ်ခွင့်ပေးတော့မယောင်နဲ့... ။
တည်းတည်းမျှင်မျှင်ကျန်နေတဲ့
ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့...
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ။


မနော်ဟရီ
၂၁.၀၄.၁၉၉၄
Manor Hary

0 Comments:

Post a Comment

<< Home