သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ
သိုးတစ်ကောင်ရဲ့ဒဏ္ဍာရီ
တကယ်တမ်းကျတော့
ငါ့လက်က ဖိတ်ကျသွားတဲ့သစ္စာတရား
သိပ်မများပါဘူး ချစ်သူ
လူမည်ရုံလေးပါ။
တွေ့လား...
မေတ္တာတရား... ရှေ့ထားဟန်ပြရင်ပဲ
လူရာမ၀င်တော့သလို
မျက်နှာညိုပြနေလိုက်ကြတာ...
ကြာလာတော့လည်း...
သိုးမည်းတွေထဲ ဖြူနေသူ
အလယ်လူအပြစ်ဖြစ်မှာစိုးလို့
မိုးခါးရေတစ်ခွက်
ခပ်သွက်သွက်မော့သောက်လိုက်တယ်။
ကြမ်းတမ်းစွာစီးဝင်သွား
နှလုံးသားတစ်လျှောက်
ဖောက်ပြန်မှုတို့ရုန်းထ
ဘ၀သိက္ခာ...
ငါ... ပြန်မရနိုင်တော့ပါလား။
ချစ်သူရေ
ကိုယ့်ကိုခွင့်မလွှတ်လိုက်ပါနဲ့။
မနော်ဟရီ
ရင်ခုန်ပွင့်၊ ဒီဇင်ဘာ၊ ၁၉၉၃
Manor Hary
တကယ်တမ်းကျတော့
ငါ့လက်က ဖိတ်ကျသွားတဲ့သစ္စာတရား
သိပ်မများပါဘူး ချစ်သူ
လူမည်ရုံလေးပါ။
တွေ့လား...
မေတ္တာတရား... ရှေ့ထားဟန်ပြရင်ပဲ
လူရာမ၀င်တော့သလို
မျက်နှာညိုပြနေလိုက်ကြတာ...
ကြာလာတော့လည်း...
သိုးမည်းတွေထဲ ဖြူနေသူ
အလယ်လူအပြစ်ဖြစ်မှာစိုးလို့
မိုးခါးရေတစ်ခွက်
ခပ်သွက်သွက်မော့သောက်လိုက်တယ်။
ကြမ်းတမ်းစွာစီးဝင်သွား
နှလုံးသားတစ်လျှောက်
ဖောက်ပြန်မှုတို့ရုန်းထ
ဘ၀သိက္ခာ...
ငါ... ပြန်မရနိုင်တော့ပါလား။
ချစ်သူရေ
ကိုယ့်ကိုခွင့်မလွှတ်လိုက်ပါနဲ့။
မနော်ဟရီ
ရင်ခုန်ပွင့်၊ ဒီဇင်ဘာ၊ ၁၉၉၃
Manor Hary



1 Comments:
သိပ်ကောင်းတဲ့ကဗျာလေးတွေပဲဗျာ
ကျွန်တော်ေ၇းမဲ့ကဗျာလေးတောင်မေ၇းချင်တော့ဘူး
အပေါစားလေးတွေဖြစ်သွားမှာစိုးလို့ 
မနော်ေ၇းထားတဲ့ကဗျာလေးတွေကတကယ့်ကိုလေးစားအားကျလောက်တယ်ဗျာ။။။
Post a Comment
Links to this post:
Create a Link
<< Home