Wednesday, March 01, 2006

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။

မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။

လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေးဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို
ငါ့ညီမလေး ၀င်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။

ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။

ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစာမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။


စိုင်းဝင်းမြင့်
နားနားပြီးပြော ကဗျာစာအုပ်မှ

Tag : Sai Win Myint

9 Comments:

Blogger Unknown said...

ဝင်ရိုးစွန်းတူလို့
တစ်ယောက်ကိုတစ်ယောက် တွန်းကန်ကြတယ်။
ကျွန်တော်တို့ မောင်နှမတွေ၊
အဖေဟာ အရောင်သန်းနေတဲ့
သတ္တုကက်ဆက်ကို အကျယ်ကြီးဖွင့်တယ်။
လက်မောင်းမှာ ဆေးမင်ကြောင် အဝိုင်းအဝိုင်းတွေနဲ့
အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး။
ကျွန်တော်တို့ အမှားအယွင်းတစ်ခုခု လုပ်မိတာနဲ့
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျွန်တော်တို့ကလည်း ခေသူမဟုတ်
ရွေ့တယ်။

ကျွန်တော်တို့ခေတ် စိတ္တဇများ
ဆံပင်အရှည်ဖြစ်လိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လဘက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်။ ။

12:56 AM  
Blogger Unknown said...

Sorry, i need to add title and poet's name

အရေးအသားတစ်ခု
By
စိုင်းဝင်းမြင့်

12:57 AM  
Anonymous Anonymous said...

I Like this modern poem post Very much...
People say FAMILY >>> Father
And
Mother
I
Love
You !

12:26 PM  
Blogger မသက်ဇင် said...

မိသားစုကဗျာလေးကိုခံစားဖတ်ရှုပါတယ်

ကဗျာချစ်သူ
မသက်ဇင်

7:03 PM  
Anonymous Anonymous said...

မိသားစုဆိုတဲ့ကဗျာက
ကျွန်တော်နဲ့အရမ်းတိုက်ဆိုင်တယ်ဗျာ
ုကိက်တယ်

2:02 PM  
Blogger Unknown said...

this one is quite touching!
i love it

4:07 AM  
Blogger Unknown said...

nice poem

8:59 PM  
Anonymous အလင်းရိုင်း said...

ဒီကဗျာလေးကို မဖတ်ရတာကြာပြီဗျာ

အခုလိုမျှဝေပေးတာကျေးဇူးပါဗျာ ...

http:alinyinne.blogspot.com

9:43 PM  
Blogger Kyawtun said...

Nice poem , great

4:48 PM  

Post a Comment

<< Home